41 သူတို့သည်``ကယ်တော်မူပါ'' ဟုအော်ဟစ်ကြသော်လည်း၊သူတို့အား အဘယ်သူမျှမကယ်နိုင်ပါ။သူတို့သည်ထာဝရဘုရားကိုလျှောက်ထားကြသော်လည်းကိုယ်တော်သည် သူတို့အားထူးတော်မမူပါ။
42 လေတိုက်၍လွင့်ပါသွားသောမြေမှုန့်သဖွယ် ဖြစ်စေရန် သူတို့အားကျွန်တော်မျိုးချေမှုန်းပါ၏။လမ်းများပေါ်မှရွှံ့သဖွယ်သူတို့အား ကျွန်တော်မျိုးကျော်နင်းပါ၏။
43 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ပုန်ကန်သူတို့၏ဘေးမှကယ်တော်မူ၍လူမျိုးတကာတို့ကိုအုပ်စိုးစေတော်မူပါ၏။ကျွန်တော်မျိုးသည်မိမိမသိဘူးသောလူ များကို ယခုအခါ၌အုပ်စိုးခွင့်ရပါ၏။
44 လူမျိုးခြားတို့သည်ကျွန်တော်မျိုး၏ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြပါ၏။သူတို့သည်ကျွန်တော်မျိုး၏အမိန့်ကို ကြားသောအခါနာခံကြပါ၏။
45 သူတို့သည်ရဲစွမ်းသတ္တိမရှိကြတော့ဘဲမိမိ တို့၏ ရဲတိုက်များမှတုန်လှုပ်လျက်ထွက်လာကြပါ၏။
46 ထာဝရဘုရားသည်အသက်ရှင်တော်မူ၏။ငါ့အားကွယ်ကာတော်မူသောအရှင်ကို ထောမနာပြုကြလော့။ငါ့ကိုကယ်တင်တော်မူသောထာဝရဘုရား ကြီးမြတ်တော်မူကြောင်းကိုကြွေးကြော် ကြလော့။
47 ကိုယ်တော်သည်ငါ့အားရန်သူများကို အောင်မြင်ခွင့်ပေးတော်မူ၏။လူမျိုးတကာတို့ကိုငါ၏လက်အောက်သို့ ရောက်စေတော်မူလျက်၊