ဆာ​လံ 18:43-49 BCL

43 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ပုန်​ကန်​သူ​တို့​၏​ဘေး​မှ​ကယ်​တော်​မူ​၍လူ​မျိုး​တ​ကာ​တို့​ကို​အုပ်​စိုး​စေ​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​သည်​မိ​မိ​မ​သိ​ဘူး​သော​လူ များ​ကို ယ​ခု​အ​ခါ​၌​အုပ်​စိုး​ခွင့်​ရ​ပါ​၏။

44 လူ​မျိုး​ခြား​တို့​သည်​ကျွန်​တော်​မျိုး​၏​ရှေ့​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ပါ​၏။သူ​တို့​သည်​ကျွန်​တော်​မျိုး​၏​အ​မိန့်​ကို ကြား​သော​အ​ခါ​နာ​ခံ​ကြ​ပါ​၏။

45 သူ​တို့​သည်​ရဲ​စွမ်း​သတ္တိ​မ​ရှိ​ကြ​တော့​ဘဲ​မိ​မိ တို့​၏ ရဲ​တိုက်​များ​မှ​တုန်​လှုပ်​လျက်​ထွက်​လာ​ကြ​ပါ​၏။

46 ထာ​ဝ​ရ​ဘု​ရား​သည်​အ​သက်​ရှင်​တော်​မူ​၏။ငါ့​အား​ကွယ်​ကာ​တော်​မူ​သော​အ​ရှင်​ကို ထော​မ​နာ​ပြု​ကြ​လော့။ငါ့​ကို​ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကြီး​မြတ်​တော်​မူ​ကြောင်း​ကို​ကြွေး​ကြော် ကြ​လော့။

47 ကိုယ်​တော်​သည်​ငါ့​အား​ရန်​သူ​များ​ကို အောင်​မြင်​ခွင့်​ပေး​တော်​မူ​၏။လူ​မျိုး​တကာ​တို့​ကို​ငါ​၏​လက်​အောက်​သို့ ရောက်​စေ​တော်​မူ​လျက်၊

48 ရန်​သူ​များ​၏​လက်​မှ​ငါ့​ကို​ကယ်​တော်​မူ​၏။အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ရန်​သူ များ​ကို အောင်​မြင်​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​၏။အ​ကြမ်း​ဖက်​သူ​တို့​၏​ဘေး​မှ​ကျွန်​တော်​မျိုး​ကို ကွယ်​ကာ​တော်​မူ​ပါ​၏။

49 သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​လူ​မျိုး​တ​ကာ​တို့​၏ ရှေ့​တွင်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ပါ​မည်။ကိုယ်​တော်​အား​ထော​မ​နာ​ပြု​သော သီ​ချင်း​ကို​ဆို​ပါ​မည်။