ဆာ​လံ 19:6-12 BCL

6 သူ​သည်​မိုး​ကောင်း​ကင်​တစ်​စွန်း​မှ​အ​စ​ပြု​ကာ အ​ခြား​တစ်​စွန်း​သို့​လှည့်​ပတ်​၍​သွား၏။သူ​၏​အ​ပူ​ရှိန်​မှ​ကင်း​လွတ်​သော​အ​ရာ​တစ်​ခု မျှ​မ​ရှိ။

7 ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည်​ပြီး​ပြည့်စုံ​လင်​အောင်​ကောင်း​မြတ်​သည်​ဖြစ်​၍​စိတ်​ဝိ​ညာဉ် ကို ပြန်​လည်​သစ်​လွင်​လန်း​ဆန်း​စေ​တတ်​၏။ဘု​ရား​သ​ခင်​၏​သွန်​သင်​တော်​မူ​ချက်​တို့​သည်အား​ကိုး​အား​ထား​ထိုက်​သည်​ဖြစ်​၍ မ​လိမ္မာ​သူ​တို့​ကို​လိမ္မာ​စေ​တတ်​၏။

8 ထာ​ဝ​ရ​ဘု​ရား​၏​နည်း​ဥ​ပ​ဒေ​တို့​သည်မှန်​ကန်​သည်​ဖြစ်​၍​လိုက်​နာ​စောင့်​ထိန်း​သူ တို့​၏ စိတ်​ကို​ရွှင်​လန်း​စေ​တတ်​၏။ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည်​တ​ရား မျှ​တ​သည် ဖြစ်​၍​စိတ်​နှ​လုံး​ကို​အ​သိ​ဉာဏ်​ပေး​တတ်​၏။

9 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​သည်ကောင်း​မြတ်​သည်​ဖြစ်​၍​ထာ​ဝ​စဉ်​တည်​မြဲ လိမ့်​မည်။ထာ​ဝ​ရ​ဘု​ရား​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည်ဖြောင့်​မှန်​သည်​ဖြစ်​၍​ကာ​လ​အ​စဉ်​တ​ရား မျှ​တ​ပေ​၏။

10 ယင်း​တို့​သည်​ရွှေ​ထက်​မ​က၊အ​ကောင်း​ဆုံး ရွှေ​ထက် ပို​မို​နှစ်​သက်​ဖွယ်​ဖြစ်​၏။ယင်း​တို့​သည်​ပျား​ရည်​ထက်​မ​က၊အ​စစ်​ဆုံး ပျား​ရည်​ထက်​ပို​၍​ချို​ကြ​၏။

11 ကိုယ်​တော်​၏​ကျွန်​ဖြစ်​သူ​ကျွန်​တော်​မျိုး​အားထို​စီ​ရင်​တော်​မူ​ချက်​များ​က​အ​သိ​ဉာဏ်​ကို ပေး​ပါ​၏။ကျွန်​တော်​မျိုး​သည်​ယင်း​တို့​ကို​လိုက်​နာစောင့်​ထိန်း​သည်​ဖြစ်​၍​အ​ကျိုး​ကျေး​ဇူး​များ​ကို ခံ​ယူ​ရ​ရှိ​ပါ​၏။

12 အ​ဘယ်​သူ​မျှ​မိ​မိ​၏​အ​မှား​အ​ယွင်း​များ​ကို မ​မြင်​နိုင်​ပါ။အို ထာ​ဝ​ရ​ဘု​ရား၊မ​ထင်​ရှား​သည့်​အ​ပြစ်​များ​နှင့်​ကျွန်​တော်​မျိုး​အား ကင်း​စင်​စေ​တော်​မူ​ပါ။