ဆာ​လံ 20:1-4 BCL

1 ဒုက္ခ​ရောက်​စဉ်​အ​ခါ​အ​ရှင်​မင်း​ကြီး​၏ ပတ္ထ​နာ​ကိုထာ​ဝ​ရ​ဘု​ရား​သည်​နား​ညောင်း​တော်​မူ ပါ​စေ​သော။ယာ​ကုပ်​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​သည် အ​ရှင်​မင်း​ကြီး​အားကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ​စေ​သော။

2 ကိုယ်​တော်​သည်​အ​ရှင်​မင်း​ကြီး​အား​ဗိ​မာန် တော်​ထဲ​က အ​ကူ​အ​ညီ​ပေး​တော်​မူ​ပါ​စေ​သော။ဇိ​အုန်​တောင်​တော်​ပေါ်​မှ​အ​ထောက်​အ​ကူ ပေး​တော်​မူ​ပါ​စေ​သော။

3 ကိုယ်​တော်​သည်​အ​ရှင်​မင်း​ကြီး​၏​ပူ​ဇော် သ​ကာ ရှိ​သ​မျှ​ကို​လက်​ခံ​တော်​မူ​လျက်မီး​ရှို့​ရာ​ယဇ်​အ​ပေါင်း​ကို​လည်း​နှစ်​သက် တော်​မူ​ပါ​စေ​သော။

4 အ​ရှင်​မင်း​ကြီး​၏​လို​အင်​ဆန္ဒ​ကို​ပြည့်​ဝ​စေ တော်​မူ​၍အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့​ကို​လည်း​အောင် မြင်​စေ​ရန် ကူ​မ​တော်​မူ​ပါ​စေ​သော။