ဆာ​လံ 21:1-5 BCL

1 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​မင်း​ကြီး​အား​ခွန်​အား​စွမ်း ရည်​ကို ပေး​တော်​မူ​သ​ဖြင့်​သူ​သည်​ဝမ်း​မြောက်​ပါ​၏။ကိုယ်​တော်​ရှင်​သည်​စစ်​ပွဲ​ကို​အောင်​စေ​တော်​မူ သ​ဖြင့် သူ​သည်​အ​လွန်​အား​ရ​ရွှင်​လန်း​ပါ​၏။

2 ကိုယ်​တော်​ရှင်​သည်​သူ​လို​လား​တောင့်​တ​သည့် အ​ရာ​ကို​ပေး​တော်​မူ​ပြီ။သူ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ပြီ။

3 ကိုယ်​တော်​ရှင်​သည်​သူ့​အား​မွန်​မြတ်​သော ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ချ​ပေး​တော်​မူ​ပြီ။သူ့​အား​ရွှေ​သ​ရ​ဖူ​ကို​ဆောင်း​စေ​တော်​မူ​ပြီ။

4 သူ​သည်​အ​သက်​ကို​တောင်း​ခံ​၍​ကိုယ်​တော်​ရှင်​သည် သူ့​အား​အ​သက်​ကို​ပေး​တော်​မူ​သည်​သာ​မ​ကရှည်​၍​မ​ကုန်​မ​ဆုံး​နိုင်​သော​အ​သက်​ကို ပေး​တော်​မူ​ပြီ။

5 ကိုယ်​တော်​ရှင်​ကယ်​မ​တော်​မူ​သ​ဖြင့်​မင်း​ကြီး​သည် ဘုန်း​အ​သ​ရေ​ထွန်း​တောက်​ရ​ပါ​၏။ကိုယ်​တော်​သည်​သူ့​အား​ကျော်​စော​ကိတ္တိ​နှင့် ခန့်​ညား​တင့်​တယ်​ခြင်း​ကို​ပေး​တော်​မူ​ပြီ။