5 ကိုယ်တော်ရှင်ကယ်မတော်မူသဖြင့်မင်းကြီးသည် ဘုန်းအသရေထွန်းတောက်ရပါ၏။ကိုယ်တော်သည်သူ့အားကျော်စောကိတ္တိနှင့် ခန့်ညားတင့်တယ်ခြင်းကိုပေးတော်မူပြီ။
6 ကိုယ်တော်ရှင်၏ကောင်းချီးမင်္ဂလာများသည် သူ၏အပေါ်သို့အစဉ်သက်ရောက်လျက် ရှိပါ၏။သူ၏အနီးတွင်ကိုယ်တော်ရှိတော်မူသည် ဖြစ်၍ သူသည်ရွှင်လန်းဝမ်းမြောက်ပါ၏။
7 မင်းကြီးသည်အနန္တတန်ခိုးရှင်ထာဝရဘုရား ကို ယုံကြည်ကိုးစားပါ၏။ထာဝရဘုရား၏ခိုင်မြဲသောမေတ္တာကြောင့် သူသည် ဘေးမဲ့လုံခြုံတော်မူပါလိမ့်မည်။
8 မင်းကြီးသည်မိမိ၏ရန်သူအပေါင်းကို ဖမ်းဆီးတော်မူလိမ့်မည်။ကိုယ်တော်အားမုန်းသောသူအပေါင်းတို့ကို လက်ရဖမ်းဆီးတော်မူလိမ့်မည်။
9 ကိုယ်တော်ကြွလာတော်မူသောအခါအလျှံထလျက်နေသောမီးသဖွယ် သူတို့အားဖျက်ဆီးတော်မူလိမ့်မည်။ထာဝရဘုရားသည်အမျက်တော်ထွက်၍ သူတို့အားဖျက်ဆီးပစ်တော်မူလိမ့်မည်။သူတို့သည်မီးတွင်ကျွမ်းလောင်ကုန်လိမ့်မည်။
10 မင်းကြီးသည်သူတို့၏သားသမီးအပေါင်း ကို သေကြေပျက်စီးစေတော်မူလိမ့်မည်။သူတို့၏အမျိုးအနွယ်အပေါင်းကို သုတ်သင်တော်မူလိမ့်မည်။
11 သူတို့သည်မင်းကြီးကိုလုပ်ကြံရန်မသမာ သော အကြံအစည်များကိုပြုကြ၏။သို့ရာတွင်အောင်မြင်ကြလိမ့်မည်မဟုတ်။