ဆာ​လံ 22:6-12 BCL

6 သို့​ရာ​တွင်​ကျွန်​တော်​မျိုး​သည်​လူ​မ​ဟုတ်၊ပိုး​ကောင်​မျှ​သာ​ဖြစ်​၍​လူ​တ​ကာ​တို့​ကဲ့​ရဲ့ စ​ရာ၊ မ​ထီ​လေး​စား​ပြု​စ​ရာ​ဖြစ်​ပါ​၏။

7 ကျွန်​တော်​မျိုး​အား​မြင်​သော​သူ​တိုင်း ပြောင်​လှောင်​ကြ​ပါ​၏။သူ​တို့​သည်​လျှာ​ကို​ထုတ်​လျက်​ဦး​ခေါင်း​ကို ခါ​ကြ​ပါ​၏။

8 သူ​တို့​က``သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး ဘိ​၏။ကိုယ်​တော်​သည်​သင့်​ကို​အ​ဘယ်​ကြောင့် မ​ကယ်​ပါ​သ​နည်း။ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို နှစ်​သက်​မြတ်​နိုး​တော်​မူ​လျှင်အ​ဘယ်​ကြောင့်​သင့်​အား​ကယ်​မ​တော် မ​မူ ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။

9 ကျွန်​တော်​မျိုး​အား​ဘေး​ဥ​ပဒ်​ကင်း​ရှင်း​စွာအ​မိ​ဝမ်း​မှ​မွေး​ဖွား​စေ​တော်​မူ​သော​အ​ရှင် ကား ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။နို့​စို့​သူ​ငယ်​ဖြစ်​စဉ်​အ​ခါ​က​လည်းကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​သည် ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​ခဲ့​ပါ​၏။

10 ကျွန်​တော်​မျိုး​သည်​မွေး​ဖွား​ချိန်​မှ​အ​စ ပြု​၍ ကိုယ်​တော်​ရှင်​ကို​အား​ကိုး​ခဲ့​ပါ​၏။ထို​အ​ချိန်​မှ​စ​၍​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။

11 ကျွန်​တော်​မျိုး​နှင့်​ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​ပါ​တော့​မည်။ကူ​မ​မည့်​သူ​လည်း​တစ်​ယောက်​မျှ​မ​ရှိ​ပါ။

12 ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​သည်​ဗာ​ရှန်​ဒေ​သ​မှကြောက်​မက်​ဖွယ်​ကောင်း​သော​နွား​သိုး​များ​ကဲ့​သို့ ကျွန်​တော်​မျိုး​ကို​ဝိုင်း​ရံ​ထား​ကြ​ပါ​၏။