ဆာ​လံ 25:1-7 BCL

1 အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။

2 ကျွန်​တော်​မျိုး​၏​ဘု​ရား၊​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။စစ်​အ​ရေး​နိမ့်​၍​အ​ရှက်​ရ​ခြင်း​မှ​ကျွန်​တော် မျိုး​အား ကယ်​တော်​မူ​ပါ။ကျွန်​တော်​မျိုး​အ​ရေး​နိမ့်​သ​ဖြင့်​ရန်​သူ​တို့​အား နှစ်​ထောင်း​အား​ရ​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။

3 ကိုယ်​တော်​ရှင်​ကို​ကိုး​စား​သူ​တို့​သည် အ​ရေး​မ​နိမ့်​ကြ​ပါ။ကိုယ်​တော်​ရှင်​အား​တော်​လှန်​ပုန်​ကန်​ရန်ဝန်​မ​လေး​သူ​များ​သာ​လျှင်​အ​ရေး​နိမ့် ကြ​ရ​ပါ​၏။

4 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​၏​နည်း​လမ်း​တော်​တို့​ကို ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ယင်း​တို့​ကို​ကျွန်​တော်​မျိုး​အား​သိ​ရှိ​နား​လည် စေ​တော်​မူ​ပါ။

5 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အားကယ်​တင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည် ဖြစ်​၍ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏သမ္မာ​တ​ရား​တော်​အ​တိုင်း​ပြု​မူ​ကျင့်​ကြံ တတ်​ရန် သွန်​သင်​တော်​မူ​ပါ။ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို အ​စဉ်​ကိုး​စား​လျက်​နေ​ပါ​၏။

6 အို ထာ​ဝ​ရ​ဘု​ရား၊ရှေး​ကာ​လ​မှ​စ​၍​ကိုယ်​တော်​ရှင်​ပြ​တော် မူ​သည့်က​ရု​ဏာ​တော်​နှင့်​ခိုင်​မြဲ​သော​မေတ္တာ​တော် တို့​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။

7 အ​သက်​ပျို​ရွယ်​စဉ်​အ​ခါ​ကကျွန်​တော်​မျိုး​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​နှင့် အ​မှား​အ​ယွင်း​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​သည်​ခိုင်​မြဲ​သော​မေတ္တာ​ရှိ​တော်​မူ​၍ ကောင်း​မြတ်​တော်​မူ​သည်​နှင့်​အ​ညီကျွန်​တော်​မျိုး​အား​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။