ဆာ​လံ 25:18-22 BCL

18 ကျွန်​တော်​မျိုး​ခံ​စား​ရ​သော​ဒုက္ခ​များ​နှင့်ဝေ​ဒ​နာ​အ​ပေါင်း​ကို​အောက်​မေ့​ဆင်​ခြင်​တော် မူ​၍ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပါ။

19 ကျွန်​တော်​မျိုး​တွင်​အ​ဘယ်​မျှ​ရန်​သူ​များ​ကြောင်း​ကို ကြည့်​တော်​မူ​ပါ။သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ဘယ်​မျှ မုန်း​ကြောင်း​ကို​သိ​မှတ်​တော်​မူ​ပါ။

20 ကျွန်​တော်​မျိုး​အား​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​ပါ။ ကယ်​တော်​မူ​ပါ။ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​တွင် ခို​လှုံ​ရန်​ချဉ်း​ကပ်​ပါ​၏။သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား အ​ရှက်​ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်။

21 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို ကိုး​စား​သည်​ဖြစ်​၍ကျွန်​တော်​မျိုး​၏​သစ္စာ​သ​မာ​ဋ္ဌိ​ရှိ​မှု​သည် ကျွန်​တော်​မျိုး​အား​စောင့်​ထိန်း​ပါ​စေ​သော။

22 အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​၏​ဣ​သ​ရေ​လ​လူ​မျိုး​အား ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​ပါ။