5 ဆိုးညစ်သူတို့၏အပေါင်းအသင်းတို့ကို ရွံမုန်း၍ သူယုတ်မာတို့ကိုရှောင်ရှားပါ၏။
6 အို ထာဝရဘုရား၊ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်းပြသရန်ကျွန်တော်မျိုးသည်မိမိ၏လက်ကိုဆေးကြောပြီး နောက်ကိုယ်တော်ရှင်၏ယဇ်ပလ္လင်ကိုလှည့်ပတ်၍ ဝတ်ပြုကိုးကွယ်ပါ၏။
7 ကျွန်တော်မျိုးသည်ကျေးဇူးတော်ချီးမွမ်းရာ သီချင်းကိုဆို၍ကိုယ်တော်ရှင်ပြုတော်မူသောအံ့သြဖွယ် အမှုအရာအပေါင်းတို့ကိုပြောကြားပါ၏။
8 အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ဘုန်းအသရေတော်တည်ရာတည်းဟူသောကိုယ်တော်ရှင်ကိန်းဝပ်တော်မူရာ အိမ်တော်ကိုနှစ်သက်မြတ်နိုးပါ၏။
9 ကျွန်တော်မျိုးအားအပြစ်ကူးသူများနှင့်တကွ ဖျက်ဆီးပစ်တော်မမူပါနှင့်။သူသတ်သမားတို့၏ကံကြမ္မာကို ခံစေတော်မမူပါနှင့်။
10 ထိုသူတို့သည်မကောင်းမှုကိုအခါခပ်သိမ်း ပြုကျင့်လျက်တံစိုးလက်ဆောင်ယူရန်အစဉ်အမြဲ အသင့်ရှိသူများဖြစ်ကြပါ၏။
11 ကျွန်တော်မျိုးမူကားမှန်ရာကိုပြုကျင့်ပါ၏။ကျွန်တော်မျိုးအားကရုဏာထားတော်မူ၍ ကယ်တော်မူပါ။