8 အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ဘုန်းအသရေတော်တည်ရာတည်းဟူသောကိုယ်တော်ရှင်ကိန်းဝပ်တော်မူရာ အိမ်တော်ကိုနှစ်သက်မြတ်နိုးပါ၏။
9 ကျွန်တော်မျိုးအားအပြစ်ကူးသူများနှင့်တကွ ဖျက်ဆီးပစ်တော်မမူပါနှင့်။သူသတ်သမားတို့၏ကံကြမ္မာကို ခံစေတော်မမူပါနှင့်။
10 ထိုသူတို့သည်မကောင်းမှုကိုအခါခပ်သိမ်း ပြုကျင့်လျက်တံစိုးလက်ဆောင်ယူရန်အစဉ်အမြဲ အသင့်ရှိသူများဖြစ်ကြပါ၏။
11 ကျွန်တော်မျိုးမူကားမှန်ရာကိုပြုကျင့်ပါ၏။ကျွန်တော်မျိုးအားကရုဏာထားတော်မူ၍ ကယ်တော်မူပါ။
12 ငါသည်ဘေးအန္တရာယ်အပေါင်းမှကင်းလွတ် လုံခြုံလျက်ရှိ၏။လူပရိတ်သတ်အလယ်တွင်ထာဝရဘုရားအား ထောမနာပြုပါမည်။