11 အို ထာဝရဘုရား၊ကိုယ်တော်ရှင်ပြုစေလိုသောအမှုအရာတို့ကို ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ကျွန်တော်မျိုးမှာရန်သူများလှပါ၏။သို့ဖြစ်၍ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံရာ လမ်း၌ ပို့ဆောင်တော်မူပါ။
12 လိမ်လည်ခြိမ်းခြောက်သည့်ရန်သူများ၏လက်တွင် ကျွန်တော်မျိုးကိုစွန့်ပစ်၍ထားတော်မမူပါနှင့်။
13 ထာဝရဘုရားပြုတော်မူသောကျေးဇူးတော်ကိုငါသည်ဤဘဝတွင်တွေ့မြင်မည်ဟုယုံကြည်၏။
14 ထာဝရဘုရားအားကိုးစားလော့။စိတ်မပျက်နှင့်၊ယုံကြည်ခြင်းရှိလော့။ ထာဝရဘုရားအားကိုးစားလော့။