ဆာ​လံ 29:1-7 BCL

1 အို ကောင်း​ကင်​သား​တို့၊​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။

2 ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သောထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ကြွ​လာ​တော်​မူ​သော​အ​ခါရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​လော့။

3 ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည် ပင်​လယ်​များ​ပေါ်​တွင်​ထွက်​ပေါ်​လာ​၏။ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ချုန်း​တော်​မူ​၏။အ​သံ​တော်​သည်​သ​မုဒ္ဒ​ရာ​ပေါ်​တွင်​ပဲ့​တင်​ထပ် လေ​၏။

4 ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည်​ထွက်​ပေါ် လာ​၏။ထို​အ​သံ​တော်​သည်​ဘုန်း​တန်​ခိုး​အာ​နု​ဘော် တော်​နှင့် ပြည့်​စုံ​၏။

5 ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​ကြောင့် အာ​ရဇ်​ပင်​တို့​သည်​ကျိုး​ကျ​ကုန်​၏။လေ​ဗ​နုန်​တော​မှ​အာ​ရဇ်​ပင်​တို့​ပင်​လျှင် ကျိုး​ကျ​ကုန်​၏။

6 ကိုယ်​တော်​သည်​လေ​ဗ​နုန်​တောင်​တို့​ကိုနွား​သူ​ငယ်​များ​ကဲ့​သို့​ခုန်​ပေါက်​စေ​တော် မူ​၏။ဟေ​ရ​မုန်​တောင်​ကို​လည်း​နွား​သိုး​ပျို​ကဲ့​သို့ ခုန်​စေ​တော်​မူ​၏။

7 ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည်​အ​လင်း ရောင်​ကို ပေါ်​ထွက်​စေ​တော်​မူ​၏။