5 ထာဝရဘုရား၏အသံတော်ကြောင့် အာရဇ်ပင်တို့သည်ကျိုးကျကုန်၏။လေဗနုန်တောမှအာရဇ်ပင်တို့ပင်လျှင် ကျိုးကျကုန်၏။
6 ကိုယ်တော်သည်လေဗနုန်တောင်တို့ကိုနွားသူငယ်များကဲ့သို့ခုန်ပေါက်စေတော် မူ၏။ဟေရမုန်တောင်ကိုလည်းနွားသိုးပျိုကဲ့သို့ ခုန်စေတော်မူ၏။
7 ထာဝရဘုရား၏အသံတော်သည်အလင်း ရောင်ကို ပေါ်ထွက်စေတော်မူ၏။
8 ကိုယ်တော်၏အသံတော်သည်တောကန္တာရကို တုန်လှုပ်စေတော်မူ၏။ကိုယ်တော်သည်ကာဒေရှတောကန္တာရကို တုန်လှုပ်စေတော်မူ၏။
9 ထာဝရဘုရား၏အသံတော်သည် ဝက်သစ်ချပင်တို့ကိုတုန်လှုပ်စေတော်မူ၍သစ်ပင်များမှအရွက်ရှိသမျှကိုကြွေစေ တော်မူ၏။တစ်ချိန်တည်းမှာပင်``ဘုရားသခင်သည်ဘုန်း အသရေ ထွန်းတောက်တော်မူစေသတည်း'' ဟုဗိမာန်တော်တွင်လူအပေါင်းတို့ကြွေးကြော် ကြ၏။
10 ထာဝရဘုရားသည်ရေနက်ရာတို့တွင်စိုးစံ တော်မူ၏။ကိုယ်တော်သည်ထာဝစဉ်ဘုရင်အဖြစ်ဖြင့် စိုးစံတော်မူ၏။
11 ထာဝရဘုရားသည်မိမိ၏လူစုတော်အား စွမ်းအားပေးတော်မူ၏။သူတို့အားငြိမ်းချမ်းသာယာမှုကောင်းချီး မင်္ဂလာကိုပေးတော်မူ၏။