ဆာ​လံ 30:1-4 BCL

1 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို ကယ်​တော်​မူ​သော​ကြောင့်​လည်း​ကောင်း၊ကျွန်​တော်​မျိုး​၏​ဝေ​ဒ​နာ​ကြောင့်ရန်​သူ​တို့​အား​နှစ်​ထောင်း​အား​ရ​ခွင့်​ကို ပေး​တော်​မ​မူ​သော​ကြောင့်​လည်း​ကောင်းကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ထော​မ​နာ ပြု​ပါ​၏။

2 ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ထာ​ဝ​ရ​ဘု​ရား၊ကယ်​မ​တော်​မူ​ရန်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ကျွန်​တော်​မျိုး​အော်​ဟစ်​ခဲ့​ပါ​၏။ကိုယ်​တော်​ရှင်​သည်​လည်း​ကျွန်​တော်​မျိုး​၏ ဝေ​ဒ​နာ​ကို​ငြိမ်း​စေ​တော်​မူ​ပါ​၏။

3 ကျွန်​တော်​မျိုး​အား​သေ​ရွာ​မှ​ပြန်​၍ ခေါ်​ဆောင်​တော်​မူ​ခဲ့​ပါ​၏။ကျွန်​တော်​မျိုး​သည်​သင်္ချိုင်း​တွင်း​သို့​ဆင်း​လျက် ရှိ​ခဲ့​သော်​လည်းကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​မ​သေ​စေ​ဘဲ အ​သက်​ချမ်း​သာ​ပေး​တော်​မူ​ပါ​၏။

4 ကိုယ်​တော်​အား​သစ္စာ​စောင့်​သူ​တို့၊​ထာ​ဝ​ရ ဘု​ရား​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင်​ပြု တော်​မူ​သောအ​မှု​တော်​ကို​အောက်​မေ့​သ​တိ​ရ​လျက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။