ဆာ​လံ 30:7-12 BCL

7 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကျေး​ဇူး​ပြု​တော်​မူ​ခဲ့​ပါ​ပြီ။တောင်​ပေါ်​ရဲ​တိုက်​ကဲ့​သို့​ကျွန်​တော်​မျိုး​အား လုံ​ခြုံ​စွာ​ကွယ်​ကာ​တော်​မူ​ခဲ့​ပါ​၏။သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး အား မျက်​နှာ​တော်​ကို​လွှဲ​၍​နေ​တော်​မူ​စဉ်​ကကျွန်​တော်​မျိုး​သည်​ကြောက်​လန့်​ပါ​၏။

8 အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ဟစ်​ခေါ်​လျက်

9 ``ကျွန်​တော်​မျိုး​သေ​ရ​ခြင်း​ဖြင့်​အ​ဘယ်​အ​ကျိုး ရှိ​ပါ​မည်​နည်း။သင်္ချိုင်း​တွင်း​သို့​ရောက်​ရ​ခြင်း​ဖြင့်​အ​ဘယ်​အ​ကျိုး ဖြစ်​ထွန်း​ပါ​မည်​နည်း။သူ​သေ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ ပြု​နိုင်​ပါ​သ​လော။သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ဖော်​ပြ​ကြေ​ညာ​နိုင်​ကြ​ပါ​သ​လော။

10 အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​၏​ခေါ်​သံ​ကို​နား​ထောင်​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​သ​နား​ကြင်​နာ​တော်​မူ​ပါ။အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​ကို​ကူ​မ​တော်​မူ​ပါ'' ဟူ​၍ တောင်း​လျှောက်​ခဲ့​ပါ​၏။

11 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အားဝမ်း​နည်း​ပူ​ဆွေး​ရာ​မှ​က​ခုန်​မြူး​တူး​စေ​တော် မူ​ပါ​ပြီ။ကျွန်​တော်​မျိုး​၏​ဝမ်း​နည်း​ခြင်း​လက္ခ​ဏာ​ဖြစ်​သည့် လျှော်​တေ​ကို​ချွတ်​၍ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း​လက္ခ​ဏာ​ဖြစ်​သည့် အ​ဝတ်​ကို​ဝတ်​ဆင်​ပေး​တော်​မူ​ပါ​ပြီ။

12 သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ဆိတ်​ဆိတ်​နေ​မည် မ​ဟုတ်​ပါ။ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး တော်​ကို အ​စဉ်​အ​မြဲ​ချီး​မွမ်း​ပါ​မည်။