ဆာ​လံ 33:1-5 BCL

1 အို သူ​တော်​ကောင်း​အ​ပေါင်း​တို့၊​သင်​တို့​သည်ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​တော်​အ​တွက် ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သူ​အ​ပေါင်း​တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။

2 စောင်း​တီး​၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ကြိုး​ဆယ်​ပင်​ရှိ​သော​တူ​ရိ​ယာ​ဖြင့်​ရှေ့​တော်​၌ သီ​ချင်း​ဆို​ကြ​လော့။

3 ရှေ့​တော်​၌​သီ​ချင်း​သစ်​ကို​ဆို​ကြ​လော့။သာ​ယာ​စွာ​စောင်း​ကို​တီး​ကြ​လော့။ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။

4 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​မှန်​ကန် ပေ​၏။ကိုယ်​တော်​ပြု​တော်​မူ​ရာ​အ​မှု​အ​ရာ​တို့​သည်​လည်း သစ္စာ​တ​ရား​နှင့်​ကိုက်​ညီ​၏။

5 ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မတ်​မှန်​ကန်​မှု​ကို နှစ်​သက်​တော်​မူ​၏။ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကမ္ဘာ​မြေ​ကြီး​ကို​ဖုံး​လွှမ်း​လျက်​ရှိ​၏။