ဆာ​လံ 33:11-17 BCL

11 သို့​ရာ​တွင်​ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​တို့ မူ​ကား အ​ဘယ်​ကာ​လ​၌​မျှ​ပျက်​ပြား​လိမ့်​မည်​မ​ဟုတ်။ကိုယ်​တော်​၏​ရည်​မှန်း​ချက်​တို့​သည်​ထာ​ဝ​စဉ် အောင်​မြင်​သ​တည်း။

12 ထာ​ဝ​ရ​ဘု​ရား​အား​ဘု​ရား​အ​ဖြစ်​နှင့်​ကိုး​ကွယ် သော လူ​မျိုး​သည်​မင်္ဂ​လာ​ရှိ​၏။ကိုယ်​တော်​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်ရွေး​ချယ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော​လူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

13 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ ငုံ့​၍​ကြည့်​တော်​မူ​ရာ၊လူ​သား​အ​ပေါင်း​ကို​မြင်​တော်​မူ​၏။

14 ကိုယ်​တော်​သည်​မိ​မိ​စိုး​စံ​တော်​မူ​ရာ​အ​ရပ် မှ​ငုံ့​၍ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို ကြည့်​တော်​မူ​၏။

15 ကိုယ်​တော်​သည်​သူ​တို့​၏​စိတ်​နှ​လုံး​များ​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သ​ဖြင့်သူ​တို့​ကြံ​စည်​ပြု​ကျင့်​သ​မျှ​သော အ​မှု​အ​ရာ​များ​ကို​သိ​တော်​မူ​၏။

16 ရှင်​ဘု​ရင်​မည်​သည်​မှာ​မိ​မိ​၏​ကြီး​မား​သောစစ်​သည်​အ​လုံး​အ​ရင်း​ကြောင့်​စစ်​ပွဲ​တွင် အ​နိုင်​ရ​သည်​မ​ဟုတ်။စစ်​သား​သည်​လည်း​မိ​မိ​၏​ခွန်​အား​ဗ​လ​ကြောင့် အ​နိုင်​ရ​သည်​မ​ဟုတ်။

17 စစ်​မြင်း​တို့​သည်​အောင်​ပွဲ​ရ​မှု​အ​တွက်​အ​သုံး​မ​ဝင်။ သူ​တို့​၏​ကြီး​မား​သော​ခွန်​အား​က​မ​ကယ်​နိုင်။