ဆာ​လံ 33:14-20 BCL

14 ကိုယ်​တော်​သည်​မိ​မိ​စိုး​စံ​တော်​မူ​ရာ​အ​ရပ် မှ​ငုံ့​၍ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို ကြည့်​တော်​မူ​၏။

15 ကိုယ်​တော်​သည်​သူ​တို့​၏​စိတ်​နှ​လုံး​များ​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သ​ဖြင့်သူ​တို့​ကြံ​စည်​ပြု​ကျင့်​သ​မျှ​သော အ​မှု​အ​ရာ​များ​ကို​သိ​တော်​မူ​၏။

16 ရှင်​ဘု​ရင်​မည်​သည်​မှာ​မိ​မိ​၏​ကြီး​မား​သောစစ်​သည်​အ​လုံး​အ​ရင်း​ကြောင့်​စစ်​ပွဲ​တွင် အ​နိုင်​ရ​သည်​မ​ဟုတ်။စစ်​သား​သည်​လည်း​မိ​မိ​၏​ခွန်​အား​ဗ​လ​ကြောင့် အ​နိုင်​ရ​သည်​မ​ဟုတ်။

17 စစ်​မြင်း​တို့​သည်​အောင်​ပွဲ​ရ​မှု​အ​တွက်​အ​သုံး​မ​ဝင်။ သူ​တို့​၏​ကြီး​မား​သော​ခွန်​အား​က​မ​ကယ်​နိုင်။

18 ဘု​ရား​သ​ခင်​သည်​မိ​မိ​အား​ကြောက်​ရွံ့ ရို​သေ​သော၊ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သော​သူ များ​အား ကြည့်​ရှု​စောင့်​ထိန်း​တော်​မူ​၏။

19 ကိုယ်​တော်​သည်​ထို​သူ​တို့​အား​သေ​ဘေး​မှ ကယ်​တော်​မူ​၏။အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ရာ​ကာ​လ​များ​၌ သူ​တို့​အား​အ​သက်​ရှင်​နိုင်​ခွင့်​ကို​ပေး​တော် မူ​၏။

20 ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စောင့်​မျှော်​ကြ​၏။ကိုယ်​တော်​သည်​ငါ​တို့​အား​ကူ​မ​တော်​မူ​၍ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။