ဆာ​လံ 33:19-22 BCL

19 ကိုယ်​တော်​သည်​ထို​သူ​တို့​အား​သေ​ဘေး​မှ ကယ်​တော်​မူ​၏။အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ရာ​ကာ​လ​များ​၌ သူ​တို့​အား​အ​သက်​ရှင်​နိုင်​ခွင့်​ကို​ပေး​တော် မူ​၏။

20 ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စောင့်​မျှော်​ကြ​၏။ကိုယ်​တော်​သည်​ငါ​တို့​အား​ကူ​မ​တော်​မူ​၍ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။

21 ငါ​တို့​သည်​ကိုယ်​တော်​ကြောင့်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​ရ​၏။ငါ​တို့​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော နာ​မ​တော်​ကို​ကိုး​စား​ကြ​၏။

22 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​တို့ စောင့်​မျှော်​သည်​ဖြစ်​၍ကျွန်​တော်​မျိုး​တို့​အား​ခိုင်​မြဲ​သော​မေတ္တာ တော်​ကို ခံ​စား​စေ​တော်​မူ​ပါ။