ဆာ​လံ 33:5-11 BCL

5 ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မတ်​မှန်​ကန်​မှု​ကို နှစ်​သက်​တော်​မူ​၏။ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကမ္ဘာ​မြေ​ကြီး​ကို​ဖုံး​လွှမ်း​လျက်​ရှိ​၏။

6 ထာ​ဝ​ရ​ဘု​ရား​သည်​အ​မိန့်​တော်​ဖြင့် မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊နှုတ်​တော်​ထွက်​စ​ကား​အား​ဖြင့်နေ၊လ၊ကြယ်​တာ​ယာ​များ​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ​၏။

7 ပင်​လယ်​ရှိ​သ​မျှ​တို့​ကို​တစ်​နေ​ရာ​တည်း​တွင် စု​ဝေး​စေ​တော်​မူ​၏။နက်​ရှိုင်း​သော​သ​မုဒ္ဒ​ရာ​ရေ​များ​ကို သို​လှောင်​ခန်း​များ​တွင်​သိမ်း​ဆည်း​ထား​တော် မူ​၏။

8 ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊​ထာ​ဝ​ရ ဘု​ရား​အား ရို​သေ​ကိုင်း​ရှိုင်း​ကြ​လော့။ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊​ကိုယ်​တော်​အား ကြောက်​ရွံ့​ရို​သေ​ကြ​လော့။

9 ကိုယ်​တော်​မြွက်​ဆို​တော်​မူ​သော​အ​ခါ ကမ္ဘာ​လော​က​သည်​ဖြစ်​ပေါ်​လာ​၏။ကိုယ်​တော်​မိန့်​တော်​မူ​သော​အ​ခါ​ခပ်​သိမ်း​သော အ​ရာ​တို့​သည်​ပေါ်​ပေါက်​လာ​ကြ​၏။

10 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​၏ ရည်​မှန်း​ချက်​များ​ကို​ပျက်​ပြား​စေ​တော်​မူ​၏။သူ​တို့​၏​အ​ကြံ​အ​စည်​များ​ကို​လည်း အ​ထ​မ​မြောက်​စေ​ရန်​ဆီး​တား​တော်​မူ​၏။

11 သို့​ရာ​တွင်​ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​တို့ မူ​ကား အ​ဘယ်​ကာ​လ​၌​မျှ​ပျက်​ပြား​လိမ့်​မည်​မ​ဟုတ်။ကိုယ်​တော်​၏​ရည်​မှန်း​ချက်​တို့​သည်​ထာ​ဝ​စဉ် အောင်​မြင်​သ​တည်း။