ဆာ​လံ 34:12-18 BCL

12 သင်​တို့​သည်​ပျော်​ပျော်​ပါး​ပါး​နေ​ထိုင်​လို ကြ​ပါ​သ​လော။အ​သက်​ရှည်​ခြင်း​နှင့်​တ​ကွ​ပျော်​ရွှင်​ခြင်း​ကို လို​လား​ကြ​ပါ​သ​လော။

13 လို​လား​ပါ​လျှင်​ညစ်​ညမ်း​သည့်​စ​ကား​နှင့် မု​သား​စ​ကား​ကို​မ​ပြော​ကြ​နှင့်။

14 ဒု​စ​ရိုက်​ကို​ရှောင်​၍​သု​စ​ရိုက်​ကို​ပြု​ကြ​လော့။ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ရ​ရှိ​နိုင်​ရန်​အ​စွမ်း​ကုန် ကြိုး​စား​ကြ​လော့။

15 ဘု​ရား​သ​ခင်​သည်​သူ​တော်​ကောင်း​တို့​အား ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၍သူ​တို့​၏​အော်​ဟစ်​သံ​များ​ကို​နား​ညောင်း​တော် မူ​၏။

16 သို့​ရာ​တွင်​ဒု​စ​ရိုက်​ပြု​သူ​တို့​မူ​ကား​သေ​သော အ​ခါမ​ကြာ​မီ​ပင်​သူ​တို့​ကို​လူ​တို့​မေ့​ပျောက်​သွား စေ​ရန်ကိုယ်​တော်​သည်​သူ​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု တော်​မူ​၏။

17 သူ​တော်​ကောင်း​တို့​သည်​ကိုယ်​တော်​အား ခေါ်​ကြ​သော​အ​ခါကိုယ်​တော်​သည်​ထူး​တော်​မူ​၍​ဆင်း​ရဲ​ဒုက္ခ အ​ပေါင်း​မှ ကယ်​ဆယ်​တော်​မူ​၏။

18 ကိုယ်​တော်​သည်​စိတ်​ပျက်​အား​လျော့​သူ​တို့​၏ အ​နီး​တွင်​ရှိ​တော်​မူ​၏။မျှော်​လင့်​စ​ရာ​လုံး​ဝ​မ​ရှိ​သူ​တို့​အား​ကယ် တော်​မူ​၏။