ဆာ​လံ 34:15-21 BCL

15 ဘု​ရား​သ​ခင်​သည်​သူ​တော်​ကောင်း​တို့​အား ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၍သူ​တို့​၏​အော်​ဟစ်​သံ​များ​ကို​နား​ညောင်း​တော် မူ​၏။

16 သို့​ရာ​တွင်​ဒု​စ​ရိုက်​ပြု​သူ​တို့​မူ​ကား​သေ​သော အ​ခါမ​ကြာ​မီ​ပင်​သူ​တို့​ကို​လူ​တို့​မေ့​ပျောက်​သွား စေ​ရန်ကိုယ်​တော်​သည်​သူ​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု တော်​မူ​၏။

17 သူ​တော်​ကောင်း​တို့​သည်​ကိုယ်​တော်​အား ခေါ်​ကြ​သော​အ​ခါကိုယ်​တော်​သည်​ထူး​တော်​မူ​၍​ဆင်း​ရဲ​ဒုက္ခ အ​ပေါင်း​မှ ကယ်​ဆယ်​တော်​မူ​၏။

18 ကိုယ်​တော်​သည်​စိတ်​ပျက်​အား​လျော့​သူ​တို့​၏ အ​နီး​တွင်​ရှိ​တော်​မူ​၏။မျှော်​လင့်​စ​ရာ​လုံး​ဝ​မ​ရှိ​သူ​တို့​အား​ကယ် တော်​မူ​၏။

19 သူ​တော်​ကောင်း​သည်​ဆင်း​ရဲ​ဒုက္ခ​များ​စွာ ရောက်​ရ​တတ်​၏။သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား ယင်း​ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​၏။

20 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​သက်​ကို ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​၏။သူ​၏​အ​ရိုး​တစ်​ချောင်း​မျှ​ပင်​လျှင်​မ​ကျိုး မ​ပဲ့​ရ။

21 သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​ဒု​စ​ရိုက် ကြောင့် အ​သက်​ဆုံး​ကြ​ရ​လိမ့်​မည်။သူ​တော်​ကောင်း​ကို​မုန်း​သော​သူ​တို့​သည် အ​ပြစ်​ဒဏ်​သင့်​ကြ​လိမ့်​မည်။