9 ကိုယ်တော်၏လူစုတော်ဝင်အပေါင်းတို့၊ထာဝရဘုရားအားကြောက်ရွံ့ရိုသေကြ လော့။ကိုယ်တော်၏စကားကိုနားထောင်သူတို့သည် ချို့တဲ့မှုရှိကြလိမ့်မည်မဟုတ်။
10 ခြင်္သေ့များပင်လျှင်အစာချို့တဲ့၍ငတ်မွတ်ကြ လိမ့်မည်။သို့ရာတွင်ထာဝရဘုရား၏စကားကိုနားထောင်သူတို့မူကားကောင်းသည့်အရာ တစ်စုံတစ်ခုမျှချို့တဲ့ရလိမ့်မည်မဟုတ်။
11 ငယ်ရွယ်သူမိတ်ဆွေတို့၊ငါ့ထံသို့လာ၍ ငါ့စကားကိုနားထောင်ကြလော့။ထာဝရဘုရားကိုကြောက်ရွံ့ရိုသေတတ်ရန် သင်တို့အားငါသင်ကြားပေးမည်။
12 သင်တို့သည်ပျော်ပျော်ပါးပါးနေထိုင်လို ကြပါသလော။အသက်ရှည်ခြင်းနှင့်တကွပျော်ရွှင်ခြင်းကို လိုလားကြပါသလော။
13 လိုလားပါလျှင်ညစ်ညမ်းသည့်စကားနှင့် မုသားစကားကိုမပြောကြနှင့်။
14 ဒုစရိုက်ကိုရှောင်၍သုစရိုက်ကိုပြုကြလော့။ငြိမ်းချမ်းသာယာမှုကိုရရှိနိုင်ရန်အစွမ်းကုန် ကြိုးစားကြလော့။
15 ဘုရားသခင်သည်သူတော်ကောင်းတို့အား ကြည့်ရှုစောင့်ရှောက်တော်မူ၍သူတို့၏အော်ဟစ်သံများကိုနားညောင်းတော် မူ၏။