1 အို ထာဝရဘုရား၊ကျွန်တော်မျိုးအားဆန့်ကျင်ဘက်ပြုသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူ၍ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့ကို တိုက်ခိုက်တော်မူပါ။
2 ကိုယ်တော်ရှင်၏ဒိုင်းလွှားကိုကိုင်ဆွဲ၍ကျွန်တော်မျိုးအားကူမရန်ကြွတော်မူပါ။
3 ကျွန်တော်မျိုးအားလိုက်လံဖမ်းဆီးသူတို့အားလှံတံတော်နှင့်ရဲတင်းတော်ကိုချိန်ရွယ်၍ ဆီးတားတော်မူပါ။ကိုယ်တော်ရှင်သည်ကယ်တင်တော်မူမည်ဖြစ် ကြောင်း ကျွန်တော်မျိုးအားမိန့်ကြားတော်မူပါ။
4 ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူတို့သည် အရေးရှုံးနိမ့်လျက်အရှက်ကွဲရကြပါစေသော။ကျွန်တော်မျိုးကိုအန္တရာယ်ပြုရန်ကြံစည် သူတို့သည် တပ်လှန်၍ကစဥ့်ကရဲဖြစ်ရကြပါစေသော။