ဆာ​လံ 35:23-28 BCL

23 အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​၏​ဘု​ရား၊နိုး​ထ​တော်​မူ​၍ကျွန်​တော်​မျိုး​ဖြောင့်​မှန်​ကြောင်း​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​ပါ။

24 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​တော်​မူ​သော​အ​ရှင် ဖြစ်​တော်​မူ​သည်​ဖြစ်​၍ကျွန်​တော်​မျိုး​တွင်​အပြစ်​မ​ရှိ​ကြောင်း​ထုတ်​ဖော် ကြေ​ညာ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်ကျွန်​တော်​မျိုး​ကို​အ​ကြောင်း​ပြု​၍​နှစ်​ထောင်း အား​ရ​ခွင့်​ကို​ရ​စေ​တော်​မ​မူ​ပါ​နှင့်။

25 ``ငါ​တို့​အ​လို​ဆန္ဒ​ပြည့်​ပြီ၊သူ့​ကို​ငါ​တို့အ​နိုင်​ရ​ပြီ'' ဟူ​၍​သူ​တို့​ပြော​ဆို​နိုင်​ခွင့်​ကို ပေး​တော်​မ​မူ​ပါ​နှင့်။

26 ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​အ​ကြောင်း​ပြု​ကာ နှစ်​ထောင်း​အား​ရ​သူ​တို့​သည်မ​ရှု​မ​လှ​အ​ရေး​နိမ့်​၍​က​စဥ့်​က​ရဲ ဖြစ်​ကြ​ရ​ပါ​စေ​သော။မိ​မိ​တို့​ကိုယ်​ကို​ကျွန်​တော်​မျိုး​ထက်​သာ သည်​ဟုပြော​ဆို​သူ​တို့​သည်​အ​ရှက်​ကွဲ​၍ မျက်​နှာ​ပျက်​ကြ​ရ​ပါ​စေ​သော။

27 ကျွန်​တော်​မျိုး​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ရ​စေ​လို​သော သူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​ဖြင့်``ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၏။ကိုယ်​တော်​၏​အ​စေ​ခံ​ကောင်း​စား​သည်​ကိုအား​ရ​နှစ်​သက်​တော်​မူ​၏'' ဟု​အ​ဖန်​တ​လဲ​လဲ ကြွေး​ကြော်​ကြ​ပါ​စေ​သော။

28 ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်တ​ရား​မျှ​တ​တော်​မူ​ပုံ​ကို​ထုတ်​ဖော်​ကြေ​ညာ ပါ​မည်။တစ်​နေ့​လုံး​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု ပါ​မည်။