ဆာ​လံ 36:2-8 BCL

2 မိ​မိ​ကိုယ်​ကို​အ​ထင်​ကြီး​လှ​သ​ဖြင့်သူ​သည်​မိ​မိ​၏​အ​ပြစ်​ကို​ထာ​ဝ​ရ​ဘု​ရား တွေ့​ရှိ​တော်​မူ​လိမ့်​မည်​မ​ဟုတ်၊မိ​မိ​အား​အ​ပြစ်​ဒဏ်​လည်း​ခတ်​တော်​မူ​လိမ့်​မည် မ​ဟုတ်​ဟု​ထင်​မှတ်​တတ်​၏။

3 သူ​ပြော​ဆို​သော​စ​ကား​သည်​ညစ်​ညမ်း​၍ မု​သား​အ​တိ​ဖြစ်​၏။သူ​သည်​အ​ကျင့်​ကောင်း​ကို​မ​ပြု​တော့​ပြီ၊ ပ​ညာ​သ​တိ​လည်း​မ​ရှိ​တော့​ပြီ။

4 သူ​သည်​အိပ်​ရာ​ပေါ်​တွင်​လဲ​လျောင်း​စဉ် မ​ကောင်း​မှု​များ​ကို​ကြံ​စည်​တတ်​၏။သူ​ပြု​ကျင့်​လေ​သ​မျှ​သည်​မ​ကောင်း​မှု သာ​ဖြစ်​၏။သူ​သည်​ဆိုး​ညစ်​မှု​ကို​အ​ဘယ်​အ​ခါ​မျှ​မ​ပစ် ပယ်။

5 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကောင်း​ကင်​သို့​တိုင်​အောင်​လည်း​ကောင်း၊သစ္စာ​တော်​သည်​မိုး​တိမ်​အ​ထက်​သို့ တိုင်​အောင်​လည်း​ကောင်း​ရောက်​ပါ​၏။

6 ကိုယ်​တော်​၏​တ​ရား​မျှ​တ​မှု​သည်​မြင့်​မား​သော တောင်​ရိုး​နှင့်​တူ​ပါ​၏။ကိုယ်​တော်​ရှင်​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည် ပင်​လယ်​၏​နက်​ရှိုင်း​ရာ​များ​နှင့်​တူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို စောင့်​ရှောက်​တော်​မူ​ပါ​၏။

7 အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် လွန်​စွာ​မြတ်​နိုး​ဖွယ်​ဖြစ်​ပါ​၏။ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​၏​အ​တောင် တော်​ရိပ် အောက်​တွင်​ဘေး​မဲ့​လုံ​ခြုံ​ခွင့်​ရ​ရှိ​ကြ​ပါ​၏။

8 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ပေါ​များ​စွာချ​ပေး​တော်​မူ​သော​အ​စာ​ရေ​စာ​ကို စား​သုံး​ကြ​ရ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အားကိုယ်​တော်​၏​ကောင်း​မြတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော မြစ်​ရေ​မှ​သောက်​သုံး​ခွင့်​ကို​ပေး​တော်​မူ​ပါ။