ဆာ​လံ 36:7-12 BCL

7 အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် လွန်​စွာ​မြတ်​နိုး​ဖွယ်​ဖြစ်​ပါ​၏။ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​၏​အ​တောင် တော်​ရိပ် အောက်​တွင်​ဘေး​မဲ့​လုံ​ခြုံ​ခွင့်​ရ​ရှိ​ကြ​ပါ​၏။

8 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ပေါ​များ​စွာချ​ပေး​တော်​မူ​သော​အ​စာ​ရေ​စာ​ကို စား​သုံး​ကြ​ရ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အားကိုယ်​တော်​၏​ကောင်း​မြတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော မြစ်​ရေ​မှ​သောက်​သုံး​ခွင့်​ကို​ပေး​တော်​မူ​ပါ။

9 ကိုယ်​တော်​ရှင်​ထံ​မှ​သတ္တ​ဝါ​မှန်​သ​မျှ​တို့​သည် အ​သက်​ကို​ရ​ရှိ​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​၏​အ​လင်း​တော်​ကြောင့် ကျွန်​တော်​မျိုး​တို့​သည်​အ​လင်း​ကို​ရ​ရှိ​ကြ ပါ​၏။

10 ကိုယ်​တော်​ရှင်​ကို​သိ​ကျွမ်း​သူ​တို့​အား ဆက်​လက်​၍ မေတ္တာ​ထား​တော်​မူ​ပါ။သူ​တော်​ကောင်း​တို့​အား​ဆက်​လက်​၍ ကျေး​ဇူး​ပြု​တော်​မူ​ပါ။

11 မာ​န​ကြီး​သူ​တို့​အား​ကျွန်​တော်​မျိုး​ကို​တိုက် ခိုက်​ခွင့်၊သူ​ယုတ်​မာ​တို့​သည်​ကျွန်​တော်​မျိုး​ကို​နှင်​ထုတ်​ခွင့် မ​ရ​ပါ​စေ​နှင့်။

12 ဆိုး​ယုတ်​သူ​တို့​လဲ​ရာ​အ​ရပ်​ကို​ကြည့်​ကြ​လော့။သူ​တို့​သည်​မ​ထ​နိုင်​တော့​ဘဲ​ထို​နေ​ရာ​တွင် လဲ​လျက်​နေ​ကြ​၏။