ဆာ​လံ 37:1-6 BCL

1 သူ​ယုတ်​မာ​တို့​၏​အ​တွက်​ကြောင့်​စိုး​ရိမ်​ပူ​ပန်​မှု မ​ဖြစ်​နှင့်။

2 သူ​တို့​သည်​ခြောက်​သွေ့​သွား​သော​မြက်​ပင်​ကဲ့​သို့ ပျောက်​ပျက်​ကြ​ကုန်​လိမ့်​မည်။ညှိုး​နွမ်း​သော​အ​ပင်​ငယ်​များ​ကဲ့​သို့ သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။

3 ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​လျက်အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​လော့။ ပြည်​တော်​တွင်​လုံ​ခြုံ​စွာ​နေ​လော့။

4 ထာ​ဝ​ရ​ဘု​ရား​၌​မွေ့​လျော်​ပျော်​ပိုက်​မှု​ကို ရှာ​လော့။သို့​ပြု​လျှင်​သင်​၏​အ​လို​ဆန္ဒ​ကို​ပြည့်​စုံ စေ​တော်​မူ​လိမ့်​မည်။

5 သင်​သည်​မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​လက်​သို့ အပ်​နှံ​လော့။ ကိုယ်​တော်​ကို​ကိုး​စား​လော့။သို့​ပြု​လျှင်​ကိုယ်​တော်​သည်​သင့်​ကို ကူ​မ​တော်​မူ​လိမ့်​မည်။

6 သင်​၏​ဖြောင့်​မတ်​ခြင်း​ကို​မွန်း​တည့်​ရောင်​ခြည် ကဲ့​သို့ ထွန်း​လင်း​တောက်​ပ​စေ​တော်​မူ​လိမ့်​မည်။