ဆာ​လံ 37:18-24 BCL

18 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စ​ကား​ကို နား​ထောင်​သူ​တို့​အား​စောင့်​ရှောက်​တော်​မူ​၏။သူ​တို့​သည်​ပြည်​တော်​ကို​ထာ​ဝ​စဉ်​ပိုင်​ဆိုင် ရ​ကြ​လိမ့်​မည်။

19 ခဲ​ယဉ်း​ရာ​ကာ​လ​များ​၌​သူ​တို့​သည် ဒုက္ခ​ရောက်​ကြ​လိမ့်​မည်​မ​ဟုတ်။အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ချိန်​များ​၌​အ​စာ ရေ​စာ လုံ​လောက်​စွာ​ရ​ရှိ​ကြ​လိမ့်​မည်။

20 သူ​ယုတ်​မာ​တို့​မူ​ကား​သေ​ကြ​လိမ့်​မည်။ထာ​ဝ​ရ​ဘု​ရား​အား​ရန်​ဘက်​ပြု​သူ​တို့​သည်တော​ပန်း​များ​ကဲ့​သို့​ပျောက်​ကွယ်​ကြ​လိမ့်​မည်။မီး​ခိုး​ကဲ့​သို့​လွင့်​ပျောက်​ကြ​လိမ့်​မည်။

21 သူ​ယုတ်​မာ​သည်​ချေး​ငှား​ပြီး​နောက် ပြန်​၍​မ​ပေး​မ​ဆပ်​တတ်။သူ​တော်​ကောင်း​မူ​ကား​ရက်​ရော​စွာ​ပေး​ကမ်း တတ်​၏။

22 ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော သူ​တို့​သည် ပြည်​တော်​ကို​ပိုင်​ရ​ကြ​လိမ့်​မည်။သို့​ရာ​တွင်​ကိုယ်​တော်​ကျိန်​တော်​မူ​ခြင်း​ခံ​ရ​သော သူ​တို့​မူ​ကား​ပြည်​နှင်​ဒဏ်​သင့်​ကြ​လိမ့်​မည်။

23 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​လိုက်​လျှောက်​အပ်​သည့် လမ်း​ကို​ပြ​ညွှန်​တော်​မူ​၏။ကိုယ်​တော်​နှစ်​သက်​တော်​မူ​သော​သူ​တို့​ကို ကွယ်​ကာ​တော်​မူ​၏။

24 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အားကူ​မ​တော်​မူ​မည်​ဖြစ်​၍​သူ​တို့​သည်​လဲ သော်​လည်း မ​ထ​ဘဲ​နေ​လိမ့်​မည်​မ​ဟုတ်။