ဆာ​လံ 37:21-27 BCL

21 သူ​ယုတ်​မာ​သည်​ချေး​ငှား​ပြီး​နောက် ပြန်​၍​မ​ပေး​မ​ဆပ်​တတ်။သူ​တော်​ကောင်း​မူ​ကား​ရက်​ရော​စွာ​ပေး​ကမ်း တတ်​၏။

22 ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော သူ​တို့​သည် ပြည်​တော်​ကို​ပိုင်​ရ​ကြ​လိမ့်​မည်။သို့​ရာ​တွင်​ကိုယ်​တော်​ကျိန်​တော်​မူ​ခြင်း​ခံ​ရ​သော သူ​တို့​မူ​ကား​ပြည်​နှင်​ဒဏ်​သင့်​ကြ​လိမ့်​မည်။

23 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​လိုက်​လျှောက်​အပ်​သည့် လမ်း​ကို​ပြ​ညွှန်​တော်​မူ​၏။ကိုယ်​တော်​နှစ်​သက်​တော်​မူ​သော​သူ​တို့​ကို ကွယ်​ကာ​တော်​မူ​၏။

24 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အားကူ​မ​တော်​မူ​မည်​ဖြစ်​၍​သူ​တို့​သည်​လဲ သော်​လည်း မ​ထ​ဘဲ​နေ​လိမ့်​မည်​မ​ဟုတ်။

25 ယ​ခု​အ​ခါ​ငါ​သည်​အ​သက်​ကြီး​ရင့်​လေ​ပြီ။ ငါ​သည်​ကြာ​ရှည်​စွာ​အ​သက်​ရှင်​ခဲ့​ပါ​ပြီ။သို့​ရာ​တွင်​သူ​တော်​ကောင်း​အား​ထာ​ဝ​ရ​ဘု​ရား စွန့်​ပစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊သူ​၏​သား​သ​မီး​တို့​တောင်း​စား​ရ​သည်​ကို လည်း​ကောင်း တစ်​ချိန်​တစ်​ခါ​မျှ​ငါ​မ​တွေ့​မ​မြင်​ခဲ့​ဘူး​ပါ။

26 သူ​သည်​အ​စဉ်​ပင်​သူ​တစ်​ပါး​တို့​အား​ရက်​ရော​စွာ ပေး​ကမ်း​ချေး​ငှား​တတ်​၏။သူ​၏​သား​သ​မီး​များ​သည်​လည်း​ကောင်း​ချီး မင်္ဂ​လာ​ကို​ခံ​ရ​ကြ​၏။

27 ဒု​စ​ရိုက်​ကို​ရှောင်​ကြဉ်​၍​သု​စ​ရိုက်​ကို​ပြု​လော့။သို့​ပြု​လျှင်​သင်​၏​သား​မြေး​တို့​သည်​ပြည်​တော် တွင် အ​စဉ်​အ​မြဲ​နေ​ရ​လိမ့်​မည်။