ဆာ​လံ 37:27-33 BCL

27 ဒု​စ​ရိုက်​ကို​ရှောင်​ကြဉ်​၍​သု​စ​ရိုက်​ကို​ပြု​လော့။သို့​ပြု​လျှင်​သင်​၏​သား​မြေး​တို့​သည်​ပြည်​တော် တွင် အ​စဉ်​အ​မြဲ​နေ​ရ​လိမ့်​မည်။

28 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မှန်​တ​ရား​ကို​နှစ်​သက်​တော်​မူ​၍မိ​မိ​အား​သစ္စာ​စောင့်​သည့်​လူ​စု​တော်​ကို စွန့်​ပစ်​တော်​မ​မူ​သော​ကြောင့်​ဖြစ်​၏။ကိုယ်​တော်​သည်​သူ​တို့​အား​အ​စဉ်​အ​မြဲ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​၏​သား​မြေး​များ​မူ​ကား ပြည်​နှင်​ဒဏ်​သင့်​ကြ​လိမ့်​မည်။

29 ဖြောင့်​မတ်​သော​သူ​တို့​သည်​ပြည်​တော်​ကို​ပိုင်​ဆိုင်​၍ အ​စဉ်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။

30 သူ​တော်​ကောင်း​သည်​ဉာဏ်​ပ​ညာ​အ​မြော်​အ​မြင်​ရှိ​သော စ​ကား​ကို​ပြော​ဆို​တတ်​၏။သူ​သည်​အ​စဉ်​ပင်​တ​ရား​မျှ​တ​၏။

31 သူ​သည်​မိ​မိ​ဘု​ရား​၏​တ​ရား​တော်​ကို နှ​လုံး​သွင်း​၍​ထား​၏။အ​ဘယ်​အ​ခါ​၌​မျှ​ထို​တ​ရား​တော်​မှ သွေ​ဖည်​၍​မ​သွား​ပေ။

32 သူ​ယုတ်​မာ​သည်​သူ​တော်​ကောင်း​အား​ချောင်း​မြောင်း​၍ သတ်​ရန်​ကြိုး​စား​တတ်​၏။

33 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်သူ​တော်​ကောင်း​အား​ရန်​သူ​၏​လက်​တွင်​စွန့်​ပစ်​၍ ထား​တော်​မူ​လိမ့်​မည်​မ​ဟုတ်။သူ​သည်​တ​ရား​ရုံး​သို့​ရောက်​၍​အ​စစ်​ခံ​ရ​သော် သူ့​အား အ​ပြစ်​ဒဏ်​သင့်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။