ဆာ​လံ 37:7-13 BCL

7 ကိုယ်​တော်​၏​စီ​ရင်​တော်​မူ​ချက်​ကို​သည်း​ခံ​၍ စောင့်​မျှော်​လော့။ကောင်း​စား​သူ​တို့​ကြောင့်​လည်း​ကောင်း၊ အ​ကြံ​အ​စည်​အောင်​မြင်​သောဆိုး​ညစ်​သူ​တို့​ကြောင့်​လည်း​ကောင်း​ပူ​ပင်​သော​က မ​ဖြစ်​နှင့်။

8 မ​စိုး​ရိမ်​နှင့်။ ဒေါ​သ​အ​မျက်​မ​ထွက်​နှင့်။စိုး​ရိမ်​မှု​နှင့်​ဒေါ​သ​အ​မျက်​သည်​သင့်​အား ဆိုး​ကျိုး​သာ​ပေး​လိမ့်​မည်။

9 ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​သော​သူ​တို့ သည် ပြည်​တော်​ကို​ပိုင်​ရ​ကြ​လိမ့်​မည်။သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​မူ​ကား​ပြည်​နှင် ဒဏ်​ကို ခံ​ရ​ကြ​လိမ့်​မည်။

10 ကာ​လ​အ​နည်း​ငယ်​အ​တွင်း​၌​သူ​ယုတ်​မာ တို့​သည် ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။သင်​သည်​သူ​တို့​ကို​ရှာ​သော်​လည်း တွေ့​လိမ့်​မည်​မ​ဟုတ်။

11 သို့​ရာ​တွင်​စိတ်​နှိမ့်​ချ​သော​သူ​တို့​သည်ပြည်​တော်​ကို​ပိုင်​ရ​လျက်​ငြိမ်း​ချမ်း​သာ​ယာ​မှု​နှင့် ကြီး​ပွား​တိုး​တက်​မှု​တို့​ကို​ခံ​စား​ကြ​ရ လိမ့်​မည်။

12 သူ​ယုတ်​မာ​သည်​သူ​တော်​ကောင်း​အားမ​ကောင်း​ကြံ​လျက်​မုန်း​စိတ်​နှင့်​စူး​စူး​ဝါး​ဝါး ကြည့်​တတ်​၏။

13 သို့​ရာ​တွင်​ထို​သူ​သည်​မ​ကြာ​မ​မြင့်​မီ​ဆုံး​ပါး ပျက်​စီး ရ​တော့​မည်​ဖြစ်​ကြောင်းထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ​သ​ဖြင့်​သူ့​အား ကြည့်​၍ ပြုံး​ရယ်​တော်​မူ​၏။