ဆာ​လံ 38:1-5 BCL

1 အို ထာ​ဝ​ရ​ဘု​ရား၊အ​မျက်​တော်​ထွက်​၍​ကျွန်​တော်​မျိုး​အား အ​ပြစ်​ဒဏ်​ပေး​တော်​မ​မူ​ပါ​နှင့်။

2 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​မြား ဖြင့်​ပစ်​၍ ဒဏ်​ရာ​ရ​ရှိ​စေ​တော်​မူ​ပါ​ပြီ။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ပြို​လဲ စေ​တော်​မူ​ပါ​ပြီ။

3 ကိုယ်​တော်​၏​အ​မျက်​တော်​ကြောင့်​ကျွန်​တော်​မျိုး​သည် ဝေ​ဒ​နာ​ခံ​လျက်​နေ​ရ​ပါ​၏။မိ​မိ​၏​အ​ပြစ်​များ​ကြောင့်​တစ်​ကိုယ်​လုံး ရော​ဂါ​စွဲ​လျက်​နေ​ပါ​၏။

4 အ​ပြစ်​ဒု​စ​ရိုက်​ရေ​လွှမ်း​မိုး​ရာ​တွင်​ကျွန်​တော် မျိုး​သည် နစ်​မွန်း​လျက်​ရှိ​ပါ​၏။ယင်း​တို့​သည်​လေး​လံ​သော​အ​ပြစ်​ဝန်​ထုပ်​ဖြစ်​၍ ကျွန်​တော်​မျိုး​မ​ထမ်း​နိုင်​ပါ။

5 ကျွန်​တော်​မျိုး​၏​မိုက်​မဲ​မှု​ကြောင့်​ရ​ရှိ​သော အ​နာ​များ​သည်​ပုပ်​စပ်​နံ​စော်​လျက်​နေ​ပါ​၏။