ဆာ​လံ 38:18-22 BCL

18 ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​ပြစ်​များ​ကို ဖော်​ပြ​ဝန်​ခံ​ပါ​၏။ယင်း​အ​ပြစ်​များ​ကြောင့်​စိုး​ရိမ်​ပူ​ပန်​ပါ​၏။

19 ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​သည်​ကျန်း​မာ သန်​စွမ်း​ကြ​ပါ​၏။အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​အား​မုန်း​သူ​တို့​သည် များ​ပြား​ကြ​ပါ​၏။

20 ကျွန်​တော်​မျိုး​သည်​မှန်​ရာ​ကို​ပြု​ကျင့်​ရန် ကြိုး​စား​သဖြင့်အ​ကောင်း​ကို​အ​ဆိုး​အား​ဖြင့်​ပြန်​လည် ပေး​ဆပ်​တတ်​သူ​တို့​သည်ကျွန်​တော်​မျိုး​ကို​ဆန့်​ကျင်​ဘက်​ပြု​ကြ​ပါ​၏။

21 အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ကျွန်​တော်​မျိုး​၏​ဘု​ရား၊​ကျွန်​တော်​မျိုး​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။

22 ကျွန်​တော်​မျိုး​ကို​ကယ်​တင်​မူ​သော​ဘု​ရား​ရှင်၊ ယ​ခု​ပင်​ကျွန်​တော်​မျိုး​ကို​ကူ​မ​တော်​မူ​ပါ။