ဆာ​လံ 39:10-13 BCL

10 ထပ်​မံ​၍​ကျွန်​တော်​မျိုး​အား အ​ပြစ်​ဒဏ်​ပေး​တော်​မ​မူ​ပါ​နှင့်။ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သည့်ဒဏ်​ရာ​ဒဏ်​ချက်​များ​ကြောင့်​ကျွန်​တော်​မျိုး သည် သေ​လု​ပါ​ပြီ။

11 ကိုယ်​တော်​ရှင်​သည်​လူ​အား​သူ​၏အ​ပြစ်​ဒု​စ​ရိုက်​အ​တွက်​ဆုံး​မ​၍​အ​ပြစ်​ဒဏ် ပေး​တော်​မူ​ပါ​၏။သူ​နှစ်​သက်​စွဲ​လန်း​သော​အ​ရာ​တို့​ကို​ပိုး​ဖ​လံ ကဲ့​သို့ ကိုယ်​တော်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ​၏။အ​ကယ်​စင်​စစ်​လူ​သည်​ထွက်​သက်​ဝင်​သက်​မျှ​သာ ဖြစ်​ပါ​သည်​တ​ကား။

12 အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို နား​ထောင်​တော်​မူ​ပါ။ကျွန်​တော်​မျိုး​ငို​ယို​သော​အ​ခါ​ကူ​မ​ရန်​ကြွ တော်​မူ​ပါ။ဘိုး​ဘေး​တို့​ကဲ့​သို့​ကျွန်​တော်​မျိုး​သည်ကိုယ်​တော်​ရှင်​၏​ဧည့်​သည်​အ​ဖြစ်​နှင့် ခ​ဏ​မျှ​သာ​နေ​ရ​ပါ​၏။

13 ကျွန်​တော်​မျိုး​သေ​၍​ပျောက်​ကွယ်​မ​သွား​မီ ရွှင်​လန်း​မှု​အ​နည်း​ငယ်​ရ​ရှိ​စေ​ရန်ကျွန်​တော်​မျိုး​ထံ​မှ​မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​ပါ။