5 ကိုယ်တော်သည်ကျွန်တော်မျိုး၏အသက်ကို လွန်စွာတိုစေတော်မူပါပြီတကား။ကိုယ်တော်၏ရှေ့တော်တွင်ကျွန်တော်မျိုး၏အသက်တာသည်ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။အကယ်စင်စစ်သက်ရှိလူသတ္တဝါမည်သည်ကား ထွက်သက်ဝင်သက်တမျှ၊
6 အရိပ်တမျှခဏသာအသက်ရှင်ပါ၏။သူပြုသမျှသောအမှုအရာတို့သည်ဘာမျှ အကျိုးမရှိ။သူသည်စည်းစိမ်ဥစ္စာကိုစုဆောင်းသော်လည်းအဘယ်အရာကိုအဘယ်သူရရှိလိမ့်မည်ကို သူမသိ။
7 သို့ဖြစ်၍ အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်အဘယ်အရာကို မျှော်ကိုးနိုင်ပါမည်နည်း။ကျွန်တော်မျိုးသည်ကိုယ်တော်ကိုမျှော်ကိုးပါ၏။
8 ကျွန်တော်မျိုး၏အပြစ်အပေါင်းမှကယ်တော် မူပါ။ကျွန်တော်မျိုးအားလူမိုက်တို့လှောင်ပြောင် စေတော်မမူပါနှင့်။
9 ကိုယ်တော်သည်ကျွန်တော်မျိုးအားဤသို့ဝေဒနာခံစေတော်မူသောကြောင့် ကျွန်တော်မျိုးသည်ဆိတ်ဆိတ်နေပါမည်။စကားတစ်ခွန်းမျှပြောမည်မဟုတ်ပါ။
10 ထပ်မံ၍ကျွန်တော်မျိုးအား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။ကိုယ်တော်ရှင်ပေးတော်မူသည့်ဒဏ်ရာဒဏ်ချက်များကြောင့်ကျွန်တော်မျိုး သည် သေလုပါပြီ။
11 ကိုယ်တော်ရှင်သည်လူအားသူ၏အပြစ်ဒုစရိုက်အတွက်ဆုံးမ၍အပြစ်ဒဏ် ပေးတော်မူပါ၏။သူနှစ်သက်စွဲလန်းသောအရာတို့ကိုပိုးဖလံ ကဲ့သို့ ကိုယ်တော်ဖျက်ဆီးပစ်တော်မူပါ၏။အကယ်စင်စစ်လူသည်ထွက်သက်ဝင်သက်မျှသာ ဖြစ်ပါသည်တကား။