ဆာ​လံ 40:1-4 BCL

1 ငါ​သည်​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​မည်​ကို သည်း​ခံ​စောင့်​မျှော်​လျက်​နေ​သော​အ​ခါကိုယ်​တော်​သည်​နား​စွင့်​တော်​မူ​၍​ငါ​၏ ဟစ်​အော်​သံ​ကို​ကြား​တော်​မူ​၏။

2 ကိုယ်​တော်​သည်​ကြောက်​မက်​ဖွယ်​ကောင်း​သည့် တွင်း​နှင့်​ရွှံ့​နွံ​ထဲ​မှ​ငါ့​ကို​ဆွဲ​တင်​တော်​မူ​၏။ထို​နောက်​ငါ့​အား​ကျောက်​ပေါ်​တွင်​တင်​၍ ထား​တော်​မူ​ပြီး​လျှင်​လုံ​ခြုံ​မှု​ကို​ပေး​တော်​မူ​၏။

3 ငါ​တို့​၏​ဘု​ရား​အား​ထော​မ​နာ​ပြု​ရာသီ​ချင်း​သစ်​ကို​ဆို​ရန်​ကိုယ်​တော်​သည်​ငါ့​အား သင်​ကြား​ပေး​တော်​မူ​၏။ယင်း​သို့​ပြု​တော်​မူ​သည်​ကို​မြင်​ကြ​ရ​သူ တို့​သည် ကြောက်​ရွံ့​ရို​သေ​ကြ​ကုန်​လျက်ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​ကြ​လိမ့်​မည်။

4 အ​ခြား​ဘု​ရား​များ​ကို​မ​ဆည်း​ကပ်၊မိစ္ဆာ​ဘု​ရား​များ​ကို​ရှိ​မ​ခိုး​ဘဲ​ထာ​ဝ​ရ​ဘု​ရား​အား ကိုး​စား​သူ​သည်​မင်္ဂလာ​ရှိ​၏။