ဆာ​လံ 40:14-17 BCL

14 ကျွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ကြ​သူ တို့​သည်လုံး​ဝ​အ​ရေး​ရှုံး​နိမ့်​၍​က​စဥ့်​က​ရဲ​ဖြစ်​ကြ ပါ​စေ​သော။ကျွန်​တော်​မျိုး​၏​ဒုက္ခ​များ​ကို​အ​ကြောင်း​ပြု​၍ဝမ်း​မြောက်​ကြ​သူ​တို့​သည်​တပ်​လန်​၍ အ​ရှက်​ကွဲ​ရ​ကြ​ပါ​စေ​သော။

15 ကွန်​တော်​မျိုး​အား​ပြောင်​လှောင်​ကြ​သူ​တို့​သည်အ​ရေး​ရှုံး​နိမ့်​၍​တုန်​လှုပ်​ချောက်​ချား​ကြ​ပါ​စေ သော။

16 ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူအ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​အ​တွက်ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​သူ​အ​ပေါင်း​တို့ သည်``ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​ကြီး​မြတ်​တော်​မူ ပါ​ပေ​သည်'' ဟုအ​စဉ်​မ​ပြတ်​ချီး​ကူး​နိုင်​ကြ​ပါ​စေ​သော။

17 အို ဘု​ရား​ရှင်၊ကျွန်​တော်​မျိုး​သည်​အား​အင်​ချိ​နဲ့​၍ ခို​ကိုး​ရာ​မဲ့​သူ​ဖြစ်​သော်​လည်းကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို သ​တိ​ရ​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ရန်​အ​လျင် အ​မြန် ကြွ​တော်​မူ​ပါ။