1 အို ဘုရားသခင်၊သမင်ဒရယ်သည်အေးမြသောစမ်းရေကို တောင့်တသကဲ့သို့ကိုယ်တော်ရှင်ကိုကျွန်တော်မျိုးတောင့်တပါ၏။
2 အသက်ရှင်တော်မူသည့်ဘုရားတည်းဟူသော ကိုယ်တော်ရှင်ကိုကျွန်တော်မျိုးတောင့်တပါ၏။ကျွန်တော်မျိုးသည်အဘယ်အခါမှကိုယ်တော်ရှင်၏ရှေ့တော်မှောက်သို့ချဉ်းကပ်၍ ဝတ်ပြုကိုးကွယ်နိုင်ပါမည်နည်း။
3 ငါသည်နေ့ရောညပါငိုကြွေးရသဖြင့်မျက်ရည်များသည်ငါ၏အစားအစာဖြစ် တော့၏။ရန်သူတို့ကငါ့အား``သင်၏ဘုရားသည်အဘယ်မှာရှိသနည်း'' ဟုအစဉ်ပင် မေးလျက်နေကြ၏။
4 ရွှင်လန်းစွာသီချင်းဆိုကာဘုရားသခင် အားထောမနာပြုလျက်အိမ်တော်သို့သွားသူ လူပရိသတ်အားငါသည်ဦးဆောင်ခဲ့ကြောင်းကိုသတိရသော အခါ ငါ၏စိတ်နှလုံးသည်ကြေကွဲပါ၏။