ဆာ​လံ 42:8-11 BCL

8 နေ့​အ​ချိန်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏ ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ပြ​တော်​မူ​ပါ​စေ​သော။ထို​အ​ခါ​ည​အ​ချိန်​၌​ငါ​သည်​သီ​ချင်း​ဆို​နိုင်​၍ငါ​၏​အ​သက်​သ​ခင်​ဘု​ရား​သ​ခင်​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​နိုင်​ပါ​မည်။

9 ``ကိုယ်​တော်​သည်​အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​အား မေ့​လျော့​၍​နေ​တော်​မူ​ပါ​သ​နည်း။အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​သည်​ရန်​သူ​တို့​၏ရက်​စက်​ကြမ်း​ကြုတ်​မှု​ဒဏ်​ကို​ခံ​လျက် နေ​ရ​ပါ​မည်​နည်း'' ဟုငါ့​ကို​ကွယ်​ကာ​သော​အ​ရှင်၊ဘု​ရား​သ​ခင်​အား ငါ​လျှောက်​ထား​ပါ​၏။

10 ငါ့​ရန်​သူ​များ​က``သင်​၏​ဘု​ရား​သည်အ​ဘယ်​မှာ​နည်း''ဟု​ငါ့​အား​အ​ဖန်​တ​လဲ​လဲ မေး​မြန်း​သ​ဖြင့်သူ​တို့​၏​စော်​ကား​မှု​ကြောင့်​ငါ​သည်​အ​လွန်​ပင် စိတ်​ပျက်​အား​လျော့​ရ​ပါ​၏။

11 ငါ​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ်​ညှိုး​ငယ်​ရ​သ​နည်း။ အ​ဘယ်​ကြောင့်​ပူ​ပင်​သော​က​ရောက်​ရ​သ​နည်း။ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မျှော်​ကိုး​ပါ​မည်။ငါ​၏​ကယ်​တင်​ရှင်၊ငါ​၏​ဘု​ရား​သခင်​အား တစ်​ဖန်​ထော​မ​နာ​ပြု​ပါ​မည်။