ဆာ​လံ 44:11-18 BCL

11 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​သိုး​များ သ​ဖွယ်အ​သတ်​ခံ​စေ​တော်​မူ​လျက်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သို့ ကွဲ​လွင့်​သွား​စေ​တော်​မူ​ပါ​၏။

12 ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​ဖိုး​အ​နည်း​ငယ်​ဖြင့်​ရောင်း​ချ​တော်​မူ​ပါ​၏။မည်​သည့်​အ​မြတ်​အ​စွန်း​မျှ​လည်း​ရ​ရှိ​တော်​မ​မူ​ပါ။

13 ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အ​မှု​ကိုအိမ်​နီး​ချင်း​များ​သည်​မြင်​၍​ကျွန်​တော်​မျိုး​တို့​အား ပြောင်​လှောင်​၍​ပြက်​ရယ်​ပြု​ကြ​ပါ​၏။

14 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အားလူ​မျိုး​တ​ကာ​တို့​မ​ထီ​မဲ့​မြင်​ပြု​စ​ရာ ဖြစ်​စေ​တော်​မူ​ပါ​ပြီ။သူ​တို့​သည်​ကျွန်​တော်​မျိုး​တို့​အား​မ​ခိုး​မ​ခန့် ဦး​ခေါင်း​ညိတ်​၍​ပြ​ကြ​ပါ​၏။

15-16 ရန်​သူ​များ​နှင့်​လက်​စား​ချေ​သူ​တို့​မ​ခိုး​မ​ခန့် စော်​ကား​ပြော​ဆို​ကြ​သည့်​စ​ကား​များ​ကြောင့်ကျွန်​တော်​မျိုး​သည်​အ​စဉ်​အ​မြဲ​အ​သ​ရေ ပျက်​၍ အ​ရှက်​ကွဲ​လျက်​နေ​ပါ​၏။

17 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​တော်​ကို​မ​ချိုး​ဖောက်​ခဲ့​ကြ​ပါ။ကိုယ်​တော်​ရှင်​အား​လည်း​မ​မေ့​လျော့​ခဲ့​ကြ​ပါ။သို့​ပါ​လျက်​ဤ​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ကျွန်​တော် မျိုး​တို့ ခံ​ကြ​ရ​ပါ​၏။

18 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား သစ္စာ​မ​ဖောက်​ခဲ့​ကြ​ပါ။ကိုယ်​တော်​၏​အ​မိန့်​တော်​များ​ကို​မ​လွန်​ဆန်​ခဲ့ ကြ​ပါ။