ဆာ​လံ 44:15-16-22 BCL

15-16 ရန်​သူ​များ​နှင့်​လက်​စား​ချေ​သူ​တို့​မ​ခိုး​မ​ခန့် စော်​ကား​ပြော​ဆို​ကြ​သည့်​စ​ကား​များ​ကြောင့်ကျွန်​တော်​မျိုး​သည်​အ​စဉ်​အ​မြဲ​အ​သ​ရေ ပျက်​၍ အ​ရှက်​ကွဲ​လျက်​နေ​ပါ​၏။

17 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​တော်​ကို​မ​ချိုး​ဖောက်​ခဲ့​ကြ​ပါ။ကိုယ်​တော်​ရှင်​အား​လည်း​မ​မေ့​လျော့​ခဲ့​ကြ​ပါ။သို့​ပါ​လျက်​ဤ​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ကျွန်​တော် မျိုး​တို့ ခံ​ကြ​ရ​ပါ​၏။

18 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား သစ္စာ​မ​ဖောက်​ခဲ့​ကြ​ပါ။ကိုယ်​တော်​၏​အ​မိန့်​တော်​များ​ကို​မ​လွန်​ဆန်​ခဲ့ ကြ​ပါ။

19 သို့​ပါ​လျက်​ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​တို့​အား​သား​ရဲ​များ​ရှိ​ရာ အ​ရပ်​တွင် ခို​ကိုး​ရာ​မဲ့​ထား​တော်​မူ​ခဲ့​ပါ​၏။အ​မှောင်​ဆုံး​အ​ရပ်​တွင်​စွန့်​ပစ်​၍​ထား​တော် မူ​ခဲ့​ပါ​၏။

20 အ​ကယ်​၍​ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏ ဘု​ရား​အား​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ဘဲတစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​၏​ဘု​ရား​ထံ​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​ပါ​မူ

21 ဧ​ကန်​မု​ချ​ကိုယ်​တော်​ရှင်​သိ​တော်​မူ​မည်​သာ ဖြစ်​ပါ​၏။အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည်လူ​တို့​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ​ကို သိ​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏။

22 သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​အား​သစ္စာ​စောင့်​သည့် အ​တွက်​ကြောင့်ကျွန်​တော်​မျိုး​တို့​သည်​အ​ခါ​ခပ်​သိမ်း​သေ ဘေး​နှင့် ကြုံ​ရ​ကြ​ပါ​၏။သတ်​ရန်​လျာ​ထား​သော​သိုး​များ​ကဲ့​သို့​သူ​တစ်​ပါး​တို့ မှတ်​ယူ​ခြင်း​ကို​ခံ​ရ​ကြ​ပါ​၏။