ဆာ​လံ 44:23-26 BCL

23 အို ထာ​ဝ​ရ​ဘု​ရား၊ နိုး​ထ​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​ကျိန်း​စက်​၍ နေ​တော်​မူ​ပါ​သ​နည်း။ ထ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​တို့​အား​ထာ​ဝ​စဉ်​ပစ်​ပယ်​တော်​မ​မူ​ပါ​နှင့်။

24 ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်ကျွန်​တော်​မျိုး​တို့​အား​မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​ပါ​သ​နည်း။ကျွန်​တော်​မျိုး​တို့​၏​ဝေ​ဒ​နာ​နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို မေ့​တော်​မ​မူ​ပါ​နှင့်။

25 ကျွန်​တော်​မျိုး​တို့​သည်​မြေ​သို့​တိုင်​အောင် ချေ​မှုန်း​ခြင်း​ကို​ခံ​ကြ​ရ​ပါ​၏။အ​ရေး​ရှုံး​နိမ့်​ကာ​မြေ​မှုန့်​တွင်​လဲ​လျက် နေ​ကြ​ရ​ပါ​၏။

26 ထ​တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား​ကူ​မ တော်​မူ​ပါ။ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို ထောက်​၍ ကယ်​တော်​မူ​ပါ။