1 လူမျိုးအပေါင်းတို့၊ရွှင်လန်းစွာလက်ခုပ်တီး ကြလော့။အသံကျယ်စွာသီချင်းဆို၍ထာဝရဘုရား အား ထောမနာပြုကြလော့။
2 အမြင့်မြတ်ဆုံးဖြစ်တော်မူသောထာဝရဘုရား သည် ကြောက်မက်ဖွယ်ကောင်းပေ၏။ကိုယ်တော်သည်ကမ္ဘာတစ်ဝန်းလုံးကိုအစိုးရတော်မူသောဘုရင်မင်းမြတ်ဖြစ်တော် မူ၏။
3 ကိုယ်တော်သည်ငါတို့အားလူမျိုးတကာတို့ကို အနိုင်ရစေ၍တိုင်းနိုင်ငံတို့ကိုအုပ်စိုးစေတော်မူ၏။
4 ကိုယ်တော်သည်ငါတို့နေထိုင်ရာပြည်ကို ရွေးချယ်ပေးတော်မူ၏။ထိုပြည်ကားကိုယ်တော်ချစ်မြတ်နိုးတော်မူ သောလူစုတော်ပိုင်ဆိုင်၍ဂုဏ်ယူဝါကြွားစရာဖြစ် ပေသည်။
5 ဘုရားသခင်သည်မိမိ၏ရာဇပလ္လင်တော်သို့ တက်ကြွတော်မူ၏။ထာဝရဘုရားတက်ကြွတော်မူသောအခါရွှင်လန်းဝမ်းမြောက်စွာကြွေးကြော်သည့်အသံ များနှင့် တံပိုးခရာမှုတ်သံများကိုကြားရကြ၏။