1-2 လူအပေါင်းတို့၊ဤစကားကိုနာယူကြလော့။အယုတ်အမြတ်၊ဆင်းရဲချမ်းသာမရွေး၊အရပ်တကာရှိလူခပ်သိမ်းတို့နားထောင်ကြလော့။
3 ငါသည်ရှင်းလင်းပြတ်သားစွာတွေးတောဆင် ခြင်မည်။အသိပညာနှင့်ယှဉ်သောစကားများကို ပြောဆိုမည်။
4 ငါသည်စကားပုံများကိုအာရုံစိုက်၍စဉ်းစားမည်။ယင်းတို့၏အနက်အဋ္ဌိပ္ပါယ်ကိုစောင်းတီးလျက် ရှင်းလင်းဖော်ပြမည်။
5 ဆိုးယုတ်သည့်ရန်သူတို့သည်ငါ့အားဝိုင်းရံထားသဖြင့်ငါသည်ဘေးသင့်၍နေ သော်လည်း ကြောက်လန့်လိမ့်မည်မဟုတ်။