ဆာ​လံ 49:1-2-7 BCL

1-2 လူ​အ​ပေါင်း​တို့၊ဤ​စ​ကား​ကို​နာ​ယူ​ကြ​လော့။အ​ယုတ်​အ​မြတ်၊ဆင်း​ရဲ​ချမ်း​သာ​မ​ရွေး၊အ​ရပ်​တ​ကာ​ရှိ​လူ​ခပ်​သိမ်း​တို့​နား​ထောင်​ကြ​လော့။

3 ငါ​သည်​ရှင်း​လင်း​ပြတ်​သား​စွာ​တွေး​တော​ဆင် ခြင်​မည်။အ​သိ​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား​များ​ကို ပြော​ဆို​မည်။

4 ငါ​သည်​စ​ကား​ပုံ​များ​ကို​အာ​ရုံ​စိုက်​၍​စဉ်း​စား​မည်။ယင်း​တို့​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​စောင်း​တီး​လျက် ရှင်း​လင်း​ဖော်​ပြ​မည်။

5 ဆိုး​ယုတ်​သည့်​ရန်​သူ​တို့​သည်​ငါ့​အားဝိုင်း​ရံ​ထား​သ​ဖြင့်​ငါ​သည်​ဘေး​သင့်​၍​နေ သော်​လည်း ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။

6 ထို​သူ​တို့​သည်​မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​ကိုယုံ​ကြည်​အား​ကိုး​သူ​များ၊ချမ်း​သာ​ကြွယ်​ဝ​မှု​ကို ကြွား​ဝါ​သူ​များ​ဖြစ်​ပေ​သည်။

7 လူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မိ​မိ​ကိုယ်​ကို မ​ကယ်​နိုင်၊မိ​မိ​အ​သက်​၏​တန်​ဖိုး​ကို​ထာ​ဝ​ရ​ဘု​ရား အား မ​ပေး​မ​ဆပ်​နိုင်။