ဆာ​လံ 50:10-16 BCL

10 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​တော​တိ​ရစ္ဆာန် ရှိ​သ​မျှ​ကို​လည်း​ကောင်း၊တောင်​ပေါင်း​များ​စွာ​သော​တောင်​ကုန်း​များ​ရှိတိ​ရစ္ဆာန်​တို့​ကို​လည်း​ကောင်း​ပိုင်​သော​ကြောင့်​ဖြစ်​၏။

11 တော​ငှက်​အ​ပေါင်း​နှင့်​ကွင်း​ပြင်​များ​မှ​သက်​ရှိ သတ္တ​ဝါ​အ​ပေါင်း​တို့​ကို​လည်း​ငါ​ပိုင်​၏။

12 ``အ​ကယ်​၍​ငါ​သည်​ဆာ​မွတ်​ခဲ့​မူ​သင်​တို့​ထံ​မှ အ​စာ​ကို​တောင်း​မည်​မ​ဟုတ်။အ​ဘယ်​ကြောင့်​ဆို​သော်​ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​ပေါ်​ရှိ အ​ရာ​ဟူ​သ​မျှ​ကို​ငါ​ပိုင်​သော​ကြောင့်​ဖြစ်​၏။

13 ငါ​သည်​အ​မဲ​သား​ကို​စား​ပါ​သ​လော။ ဆိတ်​သွေး​ကို​သောက်​ပါ​သ​လော။

14 ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​သည်​သာ လျှင်ဘု​ရား​သ​ခင်​အား​သင်​တို့​ပူ​ဇော်​ရာ ယဇ်​ဖြစ်​စေ​ကြ​လော့။ထို့​ပြင်၊အ​နန္တ​တန်​ခိုး​ရှင်​အား​သင်​တို့​သစ္စာ က​တိ​ထား​သည့်​အ​တိုင်း​ပြု​ကြ​လော့။

15 ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

16 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က​သူ​ယုတ်​မာ အား``သင်​သည်​အ​ဘယ်​ကြောင့်​ငါ​၏​ပ​ညတ်​တော်​တို့​ကို ရွတ်​ဆို​ရ​ပါ​သ​နည်း။ငါ​၏​ပ​ဋိ​ညာဉ်​တော်​အ​ကြောင်း​ကို​အ​ဘယ်​ကြောင့် ပြော​ဆို​ရ​ပါ​သ​နည်း။