ဆာ​လံ 50:14-20 BCL

14 ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​သည်​သာ လျှင်ဘု​ရား​သ​ခင်​အား​သင်​တို့​ပူ​ဇော်​ရာ ယဇ်​ဖြစ်​စေ​ကြ​လော့။ထို့​ပြင်၊အ​နန္တ​တန်​ခိုး​ရှင်​အား​သင်​တို့​သစ္စာ က​တိ​ထား​သည့်​အ​တိုင်း​ပြု​ကြ​လော့။

15 ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

16 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က​သူ​ယုတ်​မာ အား``သင်​သည်​အ​ဘယ်​ကြောင့်​ငါ​၏​ပ​ညတ်​တော်​တို့​ကို ရွတ်​ဆို​ရ​ပါ​သ​နည်း။ငါ​၏​ပ​ဋိ​ညာဉ်​တော်​အ​ကြောင်း​ကို​အ​ဘယ်​ကြောင့် ပြော​ဆို​ရ​ပါ​သ​နည်း။

17 သင်​သည်​ငါ​ဆုံး​မ​သွန်​သင်​သည်​ကို​လက်​မ​ခံ။ ငါ​၏​ပ​ညတ်​တော်​တို့​ကို​ပစ်​ပယ်​၏။

18 သင်​သည်​သူ​ခိုး​နှင့်​တွေ့​လျှင်​မိတ်​ဖွဲ့​တတ်​၏။သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​သူ​တို့​နှင့်​လည်း ပေါင်း​ဖော်​တတ်​၏။

19 ``သင်​သည်​အ​စဉ်​ပင်​ညစ်​ညမ်း​သည့်​စ​ကား​ကို ပြော​ဆို​တတ်​၏။မု​သား​ကို​သုံး​ရန်​အ​ဘယ်​အ​ခါ​၌​မျှ နှောင့်​နှေး​သည်​မ​ရှိ။

20 မိ​မိ​၏​ညီ​ရင်း​အစ်​ကို​များ​ကို​ပင်​လျှင်​အ​စဉ် ပြစ်​တင်​စွပ်​စွဲ​တတ်​၏။