8 ရွှင်လန်းဝမ်းမြောက်သံများကိုကျွန်တော်မျိုးအား ကြားခွင့်ပေးတော်မူပါ။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား စိတ်ပျက်အားလျော့စေတော်မူသော်လည်းကျွန်တော်မျိုးသည်တစ်ဖန်ပြန်၍ရွှင်ပျလာ ပါလိမ့်မည်။
9 ကျွန်တော်မျိုး၏အပြစ်များမှမျက်နှာလွှဲ၍ကျွန်တော်မျိုး၏ဒုစရိုက်ရှိသမျှကိုလည်း ပပျောက်စေတော်မူပါ။
10 အို ဘုရားသခင်၊ကျွန်တော်မျိုး၏စိတ်နှလုံးကိုသန့်ရှင်း ဖြူစင်အောင် ပြုပြင်တော်မူပါ။ကြံ့ခိုင်တည်ကြည်သောစိတ်သဘောသစ်ကို ပေးတော်မူပါ။
11 ရှေ့တော်မှောက်မှကျွန်တော်မျိုးအား နှင်ထုတ်တော်မမူပါနှင့်။ကိုယ်တော်ရှင်၏ဝိညာဉ်တော်ကိုကျွန်တော် မျိုးထံမှ ရုပ်သိမ်းတော်မမူပါနှင့်။
12 ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးကြောင့် ခံစားရရှိသည့်ဝမ်းမြောက်ခြင်းကိုကျွန်တော်မျိုးအားပေးသနားတော်မူပါ။ကိုယ်တော်ရှင်၏အမိန့်တော်ကိုနာခံတတ်စေ တော်မူပါ။
13 ထိုအခါကျွန်တော်မျိုးသည်အပြစ်ကူးသူ တို့အား ကိုယ်တော်ရှင်၏ပညတ်တော်တို့ကိုသွန်သင်ပါမည်။သူတို့သည်လည်းအထံတော်သို့ပြန်လာ ကြပါလိမ့်မည်။
14 အို ဘုရားသခင်၊ကျွန်တော်မျိုး၏အသက်ကိုချမ်းသာပေး တော်မူပါ။ကျွန်တော်မျိုးကိုကယ်တော်မူပါ။ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်တရားမျှတတော်မူကြောင်းကိုဝမ်းမြောက်စွာ ထုတ်ဖော်ကြေညာပါမည်။